Last day to register for High Impact Presentations! Register Now
Presentation
ပြုလုပ်နည်း

အများရှေ့ကျွမ်းကျင်စွာ စကားပြောခြင်း

တစ်ဦးချင်း လမ်းညွှန်မှုမှတစ်ဆင့် နည်းလမ်းများကို ကျွမ်းကျင်လာသည်သာမက သင့်ရဲ့ တင်ပြပြောဆိုမှု ပုံစံကို တွေ့ရှိနိုင်ပြီး မွမ်းမံမှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။

သင်တန်းအကြောင်း

ဒေးကာနေးဂီသည် အများရှေ့စကားပြောဆိုခြင်းအတွက် စာအုပ်တစ်အုပ်ရေးသားခဲ့ပါသည်။ ယင်းစာအုပ်တွင် စိတ်လှုပ်ရှားတတ်သည့် စကားပြောသူများအဆင့်မှ ယုံကြည်မှုရှိရှိနှင့် ပိုင်ပိုင်နိုင်နိုင် ဆက်သွယ်ပြောဆိုနိုင်သည့် ကျွမ်းကျင်အဆင့်အထိရောက်အောင် ပြုလုပ်နိုင်သည့် နည်းလမ်းများ ပါဝင်ပါသည်။ သင် နှင့် သင့်လုပ်ဖော်ကိုင်ဘက်များအနေဖြင့် အများရှေ့စကားပြောဆိုရသည့်အတွေ့အကြုံနုနယ်သူများ၊ လုံးဝမရှိသူများအတွက် အထူးရေးဆွဲထားသော နည်းလမ်းများကို လေ့ကျင့်ကြရမည်ဖြစ်ပါသည်။ ကနဦးအနေဖြင့် အခြေခံနည်းလမ်းများဖြစ်သော မိမိပြောမည့် ပရိတ်သတ်ကို သိရှိအောင်လုပ်ခြင်း၊ ပြောရမည့်စကားများကို ပြင်ဆင်ခြင်း စသည်တို့ဖြင့် စတင်ရပါမည်။ ထို့နောက် အကျိုးများစွာဖြစ်ထွန်းစေနိုင်သော တင်ပြပြောဆိုခြင်းများဖြစ်အောင် သင့် အသံနေအသံထား၊ ပြောပုံဆိုပုံ နှင့် အတွေးအခေါ်များကို ကောင်းစွာအသုံးချနိုင်ရန် အဆင်သင့်ဖြစ်သည်အထိ ကျွမ်းကျင်လာပါလိမ့်မည်။

သင်လေ့လာသင်ယူရမည့် အရာများ

Fail-proof outlineကို အသုံးပြုခြင်းအားဖြင့် သင့်ရဲ့ တင်ပြပြောဆိုခြင်းများအတွက် အချက်အလက်ရှာဖွေစုဆောင်းခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်လာပါလိမ့်မည်။ ယုံကြည်မှုရှိရှိ၊ အားပြည့်မာန်ပြည့် ဖြင့် အကျိုးများစေသည့် ပြောဆိုမှုဖြစ်နိုင်ရန်အတွက် သံနေသံထား၊ အမူအရာစသည်တို့ကို လေ့ကျင့်ပါ။ စကားပြောဆိုနေစဉ် နှောင့်ယှက်ဟန့်တားမှုများကို ဖြေရှင်းရန် နှင့် အမေးအဖြေများကိုလည်း အလွယ်တကူဖြတ်သန်းနိုင်ရန် နည်းလမ်းများကို ရှာဖွေပါ။

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

အများရှေ့စကားပြောဆိုမှုအတတ်ပညာသည် မည်သည့်လုပ်ငန်းအတွက်မဆို အောင်မြင်မှုရရှိအောင် ဆောင်ရွက်ရာတွင် အဓိက ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါသည်။ ဤသင်တန်းသည် တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု၏ စိတ်လှုပ်ရှားဖွယ် ခရီးရှည်တစ်ခုဖြစ်ပါသည်။ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူးထားခြင်းဖြင့် သင့်ရဲ့စိတ်လှုပ်ရှားမှုများ ပျောက်ကွယ်၍ သင့်ကိုယ်သင် အလုပ်သင်အဆင့်မှနေ၍ ယုံကြည်မှုရှိသော၊ တောက်ပသော ပေါင်းသင်းဆက်ဆံရေးဂုရုတစ်ယောက် အဖြစ်သို့ တိုးတက်ပြောင်းလဲလာမှုသည်ကို တွေ့ကြံုသိရှိရမည်ဖြစ်ပါသည်။

သင့်ကို မည်သို့ ကူညီပေးမည်

တစ်ဦးချင်း လမ်းညွှန်မှုမှတစ်ဆင့် နည်းလမ်းများကို ကျွမ်းကျင်လာသည်သာမက သင့်ရဲ့ တင်ပြပြောဆိုမှု ပုံစံကို တွေ့ရှိနိုင်ပြီး မွမ်းမံမှုများပြုလုပ်နိုင်မည်ဖြစ်ပါသည်။ သင့်ရဲ့ တင်ပြပြောဆိုမှု ပုံစံများကို တောက်လျှောက် မှတ်တမ်းတင်ထားခြင်းအားဖြင့် သင့်ရဲ့ တင်ပြပြောဆိုမှုပုံစံတိုးတက်ပြောင်းလဲလာသည်ကို သိရှိနို်င်ပါသည်။ ထို ဗီဒီယိုမှတ်တမ်းများကို သင်ကိုယ်တိုင် သိမ်းဆည်းထားရန်ဖြစ်ပြီး သင့်ကိုယ်သင့် ပြန်လည် မွမ်းမံရန် လိုအပ်သည်ဟု ခံစားရတိုင်း ပြန်လည်ကြည့်ရှုသွားရန်ဖြစ်ပါသည်။

Select the best option for you:
Choose your training format:
လူတွေ့သင်တန်း
In Person Icon
Live အွန်လိုင်းသင်တန်
Live Online Icon
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
စာမျက်နှာကို ပုံနှိပ်ထုတ်မည်
မျှဝေရန်
Select the best option for you:
Choose your training format:
လူတွေ့သင်တန်း
In Person Icon
Live အွန်လိုင်းသင်တန်
Live Online Icon
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
Questions?