Last day to register for High Impact Presentations! Register Now
Presentation
ပြုလုပ်နည်း

ကြောက်စိတ် နှင့် လူရှေ့သူရှေ့စကားပြောရမှာကို ကြောက်ခြင်းကို ဖယ်ရှားခြင်း

အကယ်၍ အများရှေ့စကားပြောဆိုဖို့ ကြောက်ရွံ့့နေတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။
Topics also include:
လူမှုဆက်ဆံရေး စွမ်းရည်

သင်တန်းအကြောင်း

အကယ်၍ အများရှေ့စကားပြောဆိုဖို့ ကြောက်ရွံ့့နေတယ်ဆိုရင် ဒါဟာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ သင်ဟာ သင့်အတွက် သင့်လျော်တဲ့နေရာကို ရောက်လာတာပါ။ ဤသင်တန်းတွင် သင်ကြောက်ပါသည်ဆိုသော အရာများနှင့် ထဲထဲဝင်ဝင် ပတ်သက်ပြီး၊ ယင်းအကြောက်တရားများ၏ ဇစ်မြစ်ကို ရှာဖွေနိုင်မည်ဖြစ်ပါသည်။ အရေးအကြီးဆုံးအနေဖြင့် ထိုအကြောက်တရားများကို ကျော်လွန်၍ တွန့်ဆုတ်ခြင်းကို အမြစ်ဖြတ်လိုက်သည်သာမက ယုံကြည်မှုရှိရှိ၊ လှလှပပ တင်ပြပြောဆိုနိုင်အောင် ကူညီပေးသွားမည်ဖြစ်ပါသည်။

သင်လေ့လာသင်ယူရမည့် အရာများ

အများရှေ့တွင် ပြောရမှာကိုကြောက်ခြင်း၏ နောက်ကွယ်မှ အကြောင်းတရားများကို ရှာဖွေ၍ စိတ်လှုပ်ရှားမှု ပြာယာခတ်မှုများကို ငြိမ်သက်အေးဆေးအောင်လုပ်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ပါ။ သင့်ကိုယ်ပိုင်အတွေးများကိုပျိုးထောင်၍ ပိုင်နိုင်သေချာစွာ၊ တည်ငြိမ်စွာ တင်ပြပြောဆိုနိုင်ရန် သင့်ကိုယ်ပိုင်ပုံစံတစ်ခု ကို တည်ဆောက်ပါ။ သင့်ရဲ့ ကြောက်စိတ်ကို ကျော်လွန်၍ သင့် ပရိသတ်ကိုပါ လွှမ်းမိုးနိုင်အောင် နည်းလမ်းများရှာဖွေပါ။

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

ဤသင်တန်းတွင် မည်သည့်ကိစ္စအတွက်မဆို အရေးပါသည့် မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း ကို အလေးပေးထားပါသည်။ ယင်းသည် လူအုပ်စုတစ်စုရှေ့တွင် ထွက်၍ စကားပြောဆိုရာတွင်လည်း ပဓာနကျပါသည်။ သင်သည် တင်ပြပြောဆိုခြင်းကို အချင်းချင်းစကားပြောဆိုခြင်းကို ချဲ့ထွင်ထားခြင်းတစ်မျိုးအဖြစ်သာ မြင်လာပါလိမ့်မည်။ သင့် အကြောက်တရားတွေကို အားလျော့သွားစေရန် နည်းနာများကို အသုံးပြုလာနိုင်ပါလိမ့်မည်။ အရေးအကြီးဆုံးအချိန်ဖြစ်သော ပထမဆုံး ၂ မိနစ်ကို ကောင်းစွာ ကျော်ဖြတ်နိုင်လာပြီး နောက်ပိုင်း အချိန််များကို ပိုင်နိုင်စွာ ကိုင်တွယ်လာနိုင်ပါလိမ့်မည်။

သင့်ကို မည်သို့ ကူညီပေးမည်

ဒါဟာ သင့်ရဲ့ ငါလုပ်နိုင်တယ် ဆိုတဲ့ ခံယူချက်ကို အားကောင်းတောက်ပလာစေရန် လေ့ကျင့်ယူခြင်းပဲဖြစ်ပါသည်။ အများရှေ့စကားပြောရန် ကြောက်ရွံ့ခြင်းကို အောင်နိုင်ပြီး နောက်ပိုင်းမှာ မည်သို့ပင်ဆိုစေကာမူ တင်ပြပြောဆိုခြင်းဆိုလျှင် ရှောင်ဖယ်မည့်စိတ် ရှိတော့မည် မဟုတ်ပါ။ ဒါနဲ့ ပတ်သက်ပြီး အကောင်းဆုံးပြောထားတာကတော့ အယ်လီနော ရို့စ်ဗလ် (Eleanor Rossevelt) ပါ။ “သင်ဟာ ကြောက်စိတ်ဆိုတာကို တည့်တည့်ကြည့်ဖို့ အမှန််တကယ် အားထုတ်တဲ့အခါတိုင်းမှာ သင့်မှာ ခွန်အား၊ သတ္တိ နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေရလာပါတယ်။ သင်ဟာ သင့်ကိုယ်သင် … ငါဟာ ဒီလို ထိတ်လန့်မှုမျိုးကို ဖြတ်ကျော်နိုင်ပြီးပြီ . နောက်လာမယ့် အရာတွေကိုလည်း ငါရင်ဆိုင်နိုင်မှာပဲ.. ဆိုပြီး ပြောနိုင်လာပါတယ်”

Select the best option for you:
Choose your training format:
လူတွေ့သင်တန်း
In Person Icon
Live အွန်လိုင်းသင်တန်
Live Online Icon
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
စာမျက်နှာကို ပုံနှိပ်ထုတ်မည်
မျှဝေရန်
Select the best option for you:
Choose your training format:
လူတွေ့သင်တန်း
In Person Icon
Live အွန်လိုင်းသင်တန်
Live Online Icon
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
Questions?