Last day to register for High Impact Presentations! Register Now
Leadership
ခေါင်းဆောင်မှု

တာဝန်ခွဲဝေပေးအပ်ခြင်း

တာဝန်ခွဲဝေပေးအပ်ခြင်းသည် သင်၏ဝန်ထမ်းများအား နေရာချထားပေးရုံ သက်သက် မဟုတ်ပေ။ အဖွဲ့အစည်းအတွက် ထိရောက်သော ရလဒ်ကောင်းများ ရရှိချိန်တွင် တခြားသူများကို လည်း တိုးတက်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ တာဝန်ခွဲဝေရာတွင် မည်သူက မည်သည့် လုပ်ငန်းတာဝန်များ အတွက် ကိုက်ညီမှုရှိသည် မည်သူက ဦးဆောင် နိုင်သည် တို့မှာ ခေါင်းဆောင်၏ ဆုံးဖြတ်ရမည့် အပိုင်း ဖြစ်သည်။.

သင်တန်းအကြောင်း

တာဝန်ခွဲဝေပေးအပ်ခြင်းသည် သင်၏ဝန်ထမ်းများအား နေရာချထားပေးရုံ သက်သက် မဟုတ်ပေ။ အဖွဲ့အစည်းအတွက် ထိရောက်သော ရလဒ်ကောင်းများ ရရှိချိန်တွင် တခြားသူများကို လည်း တိုးတက်လာအောင် ပြုလုပ်ပေးခြင်း ဖြစ်သည်။ တာဝန်ခွဲဝေရာတွင် မည်သူက မည်သည့် လုပ်ငန်းတာဝန်များ အတွက် ကိုက်ညီမှုရှိသည် မည်သူက ဦးဆောင် နိုင်သည် တို့မှာ ခေါင်းဆောင်၏ ဆုံးဖြတ်ရမည့် အပိုင်း ဖြစ်သည်။

သင်လေ့လာသင်ယူရမည့် အရာများ

ရလဒ်ကောင်းရရှိရန် သင့်တော်မှုရှိပြီး တာဝန်ခံမှု အပြည့်အဝ ရှိသော စနစ်ကို ဖန်တီးနိုင်ရန် လေ့လာရမည် ဖြစ်သည်။ အခြေအနေနှင့် လိုက်လျောညီထွေမှု ရှိသော တာဝန်ခွဲဝေရေး လုပ်ငန်းစဉ်တစ်ခုကို အသုံးပြုပြီး တာဝန်ခွဲဝေရေးနှင့် တခြားသူများကိုပါ တိုးတက်မှုရှိစေမည့် တာဝန်များ စနစ်တကျ သတ်မှတ်ရေး တို့ကို စီစဉ်ဆောင်ရွက် နိုင်မည် ဖြစ်သည်။ ဝန်ထမ်းများကို နေရာချထားခြင်း၊ လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်းတို့ဖြင့် စွမ်းဆောင်ရည် စံနှုန်းများနှင့် ပတ်သက်ပြီး မျှော်လင့်ချက်များ ရှင်းလင်းစွာ ထားရှိနိုင်မည် ဖြစ်သည်။

သင်ဘာကြောင့် ဤသည်ကိုသင်ယူချင်ရသည်

အကြောင်းကိစ္စ အားလုံးကို သင်တစ်ယောက်တည်း ဆောင်ရွက်ရန် မဖြစ်နို်င်ပေ။ တာဝန်များ ခွဲဝေရေးနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့်များ၊ တာဝန်ထမ်းဆောင်ရန် အဆင်သင့် ဖြစ်နေသူများ ကို ရွေးချယ်သတ်မှတ်ခြင်းသည် လုပ်ငန်းများကို သတ်မှတ်ထားသော စားရိတ်နှင့် အချိန်မီ ပြီးစီးနိုင်ရန် အဓိကကျသော စီမံခန့်ခွဲမှု စွမ်းရည် တစ်ရပ် ဖြစ်သည်။ တာဝန်ခွဲဝေရေးဆိုင်ရာ ပညာရပ်များကို သိရှိနားလည်ခြင်းသည် သင့်ကို လုပ်ပိုင်ခွင့်လွှဲပြောင်းပေးခြင်း လုပ်ငန်းစဉ်တစ်လျှောက် ရလဒ်ကောင်းများ ရရှိစေမည် ဖြစ်သည်။

သင့်ကို မည်သို့ ကူညီပေးမည်

သင်က တခြားတစ်ယောက်ယောက်ကို အလွယ်တကူ တာဝန်ပေးအပ်နိုင်တယ်၊ ထိုသူကလည်း ကျေပွန်အောင် ထမ်းဆောင်နိုင်တယ်လို့ သာမန်အားဖြင့် ထင်ရသော်လည်း တစ်ခါတစ်ရံမှာ ထင်ထားသလောက် လွယ်ကူမည် မဟုတ်ပါ။ ဤအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခြင်းအားဖြင့် ဝန်ထမ်းများအား နေရာချထားရာတွင် လုပ်ငန်းတာဝန်များအား မည်သူက သေချာ လုပ်ဆောင်နိုင်သည်ကို ကောင်းစွာသိမြင် လာမည် ဖြစ်သည်။ အဖွဲ့ဝင်များ မိမိတို့လုပ်ဆောင်ရမည့် တာဝန်များကို အသေအချာသိရှိ နားလည်စေရေး အတွက် ဆောင်ရွက်ရန် စနစ်တစ်ခု ရရှိသွားမည် ဖြစ်သည်။ ဝန်ထမ်းများအား ပေးအပ်ထားသော တာဝန်များအတိုင်း အပြည့်အဝ တာဝန်ယူတတ်စေရန် စီမံဆောင်ရွက် နိုင်မည်။ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း အားဖြင့် အချိန်တိုအတွင်း အလုပ်များ ပိုမို ပြီးမြောက်စေနိုင်မည် ဖြစ်သည်။

Select the best option for you:
Choose your training format:
လူတွေ့သင်တန်း
In Person Icon
Live အွန်လိုင်းသင်တန်
Live Online Icon
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
စာမျက်နှာကို ပုံနှိပ်ထုတ်မည်
မျှဝေရန်
Select the best option for you:
Choose your training format:
လူတွေ့သင်တန်း
In Person Icon
Live အွန်လိုင်းသင်တန်
Live Online Icon
မည်သည့် ဘာသာစကား
ကြာချိန် မည်မျှ
မေးခွန်းများရှိပါသလား။ မေးလိုက်ပါ
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.
Questions?