Last day to register for High Impact Presentations! Register Now

John Deere

John Deere ရဲ့ လုပ်ငန်းယူနစ်တစ်ခုချင်းစီအတွက် လိုအပ်မည့် customized လေ့ကျင့်ရေးသင်တန်းများကို ဒေးကာနေးဂီမှ စီစဉ်ပေးခဲ့ပါသည်။ အရောင်းအဝယ်လုပ်သူများ လုပ်ငန်းခွင်တွင်တွေ့ကြုံနေရသည့် ပြဿနာများအတွက်လုပ်ငန်းနှင့် ဆက်စပ်သော ဥပမာများနှင့် case study များ ပါဝင်သည့် coursework များကို ထိုသင်တန်းအစီအစဉ်များတွင် ပိုမိုတိုးချဲ့လုပ်ဆောင်စေခဲ့သည်။ သင်တန်းအပြီးတွင် Deere ၏ အရောင်းအဝယ်လုပ်သူများသည် သဘောထားများပြောင်းလဲလာပြီး ၎င်းတို့၏ စွမ်းဆောင်နိုင်ရည်များတွင် ယုံကြည်မှုအသစ်များ ရရှိလာခဲ့သည်။

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ယှဉ်ပြိုင်မှု ပိုမိုများပြားလာသည်နှင့်အမျှ John Deere အနေနှင့် ၎င်း၏ နာမည်ကျော်ဇောမှု တစ်ခုတည်းကိုချည်း အားကိုးနေ၍ မရနိုင်တော့ချေ။ ထို့ကြောင့် ဤကာလသည် ဝန်ထမ်းများ၏ အရောင်းစွမ်းရည်များကို အလေးထား မွန်းမံပြင်ဆင်ရမည်ဖြစ်ကြောင်း ကုမ္ပဏီက ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် John Deere ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုတန်ဖိုးများအတွက် ရောင်းချခြင်း နည်းနိဿယများအပေါ် အာရုံထား လုပ်ဆောင်ခဲ့ကြသည်။

ဒေးကာနေးဂီသင်တန်း၏ ကမာအနှံ့ လုပ်ငန်းလုပ်ပိုင်ခွင့် franchise ကွန်ယက်ကြီးသည် Deere ၏ လုပ်ပိုင်ခွင့်အား ဗဟိုဌာနမှ အခြားနယ်မြေများသို့ ဖြန့်ထုတ်ပေးထားသည့် decentralized dealership ပုံစံကို ထင်ဟပ်ပြသခဲ့ပါသည်။ ထို့အပြင် ၎င်း၏ နယ်ခံသင်ယူလေ့လာရေး လုပ်ဆောင်နိုင်မှုသည် John Deere လိုအပ်နေသော အထူးတလည် ပြင်ဆင်ပေးထားတဲ့ ဒေသဆိုင်ရာ လေ့ကျင့်ရေးတစ်ခုကို ထောက်ပံ့ကူညီပေးခဲ့သည်။ ဒေသဆိုင်ရာ စိုက်ပျိုးရေး အခြေအနေများကို သိရှိနားလည်လျက် သင်တန်းပို့ချပေးသူများကလည်း Deere ၏ နယ်မြေတာဝန်ခံ မန်နေဂျာများနှင့် ယှဉ်တွဲကာ ဒေသဆိုင်ရာ အရောင်းစိန်ခေါ်မှုများကို ရှာဖွေ ဖော်ထုတ်ခဲ့ကြသည်။

သင်တန်းပြီးဆုံးသွားသည့် အချိန်တွင် Deere ၏ ကုန်ပစ္စည်းများသည် ၎င်းတို့ကိုယ်ပိုင် ဆက်သွယ်ဆက်ဆံရေးနှင့် ရောင်းချခြင်းဆိုင်ရာ အရည်အချင်းများတွင် ယခင်ကမရှိခဲ့ဖူးသော ယုံကြည်ချက်များဖြင့် ကျန်ရှိခဲ့ကြသည်။ ၎င်းတို့ လေ့လာသိရှိခဲ့သည်များကို ပြန်လည်ဝေမျှရန် စိတ်အားထက်သန်နေကြပြီး ယုံကြည်မှုနှင့် လေးစားမှုကို အခြေခံသော အောင်မြင်သည့် ဆက်ဆံရေးများကို တည်ဆောက်ရန် လေ့လာခဲ့ခြင်းဖြင့် ယခုအခါ စားသုံးသူများနှင့်ပိုမိုကောင်းမွန်စွာ ဆက်ဆံရန် ပြင်ဆင်ထားပြီး ဖြစ်နေလေပြီ။


စည်းမျဉ်းစည်းကမ်းတစ်ခု အနေနှင့် ကျွန်တော်တို့သည် Open House Event တစ်ခုမှာ ဒေါ်လာ ၅သောင်းမှ ရ သောင်းခွဲလောက်အထိ ရောင်းချလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အဲဒီရောင်းတဲ့အချိန်အတွင်းမှာပဲ ၃သိန်းခွဲဖိုးလောက်တန်တဲ့ ကိရိယာတွေကို ရောင်းချနိုင်ခဲ့ပါတယ်။

 
Partner with Dale Carnegie to customize a training solution for your team.
သင်ပေးသောဤအချက်အလက်သည်ကျွန်ုပ်တို့၏စည်းကမ်းချက်များနှင့်အညီအသုံးပြုလိမ့်မည် ကိုယ်ရေးအချက်အလက်မူဝါဒ.